Saturday, October 27, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။

ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က ရှင်းပြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။
photo by - sein down
The Voice Weekly

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ၆ ရက်တာ အကြမ်းဖက်မှု တွေအတွင်း သေဆုံးမှု

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့ အထိ ၆ ရက်တာ အကြမ်းဖက်မှု တွေအတွင်း သေဆုံးသူ ၆၄ ယောက်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူက ပြင်ဆင် ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက မနေ့က ရေးသားပါတယ်။

မနေ့က နေ့လည်ပိုင်းလောက်က သေဆံ
ုးသူ  ၁၁၂ ယောက် ရှိတယ်လို့ ပြောခဲ့ပေမယ့် တွက်ချက်မှု မှားယွင်းတာကြောင့် အမှားပြင်ဆင် ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ မြို့နယ် ၆ မြို့နယ်မှာ အကြမ်းဖက် မီးရှို့မှုတွေကြောင့် အိမ်ခြေ ၂၀၀၀ လောက် ဆုံးရှုံးရပြီး ဒဏ်ရာရရှိသူက ၁၀၀ လောက်ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

မနေ့က အာအက်ဖ်အေက မေးမြန်းရာမှာ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က သေဆုံးသူ ၁၁၂ ယောက် ၊ ဒဏ်ရာရသူ အရေအတွက်ဟာ ကလေး ၁၀ ယောက် အပါအ၀င် ၇၂ ယောက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒေသခံတွေ ပြောပြချက်အရ အခင်းဖြစ်ပွားမှုတွေမှာ ၀င်ရောက်ထိန်းသိမ်းတဲ့ စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့မှာ မင်းပြားမြို့နယ်မှာ တဖက်နဲ့တဖက် အကြမ်းဖက်မှု မီးရှို့မှုတွေ စတင်ဖြစ်ပွားခဲ့ရာက မြောက်ဦး၊ ကျောက်ဖြူ နဲ့ ရသေ့တောင် မြေပုံ နဲ့ ကျောက်တော် မြို့နယ်တွေ အထိ ပြန့်နှံ့ခဲ့တာပါ။ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ညမထွက်ရ အမိန့်ကို ည ၇ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတရုံးကတော့ လက်ရှိ အကြမ်းဖက်မှုတွေ ရပ်တန့်ကြဖို့ မေတ္တာရပ်ခံထားသလို ၊ တစ်ချိန်တည်းမှာပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အောင် သွေးထိုး လှုံ့ဆော်သူတွေကို ဖေါ်ထုတ်မိရင် ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese
 

ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦး အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်မည်

ပုသိမ်-အောက်တိုဘာ၂၇

ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
နှုတ်ထွက် NLD ပါတီဝင် ဒေါက်တာသန်းထိုက်က ပြောသည်။
'' ကျွန်တော်တို့ဆီက ပါတီဝင်အဖြစ်က နှုတ်ထွက်သူတွေကို အခြားပါတီတွေက သူတို့ပါတီဝ

င်ဖို့ စည်းရုံးတာတွေရှိတယ်။ တကွဲတပြားမဖြစ်အောင်လို့ နှုတ်ထွက်တွေစုပေါင်းလက်မှတ်ထိုးပြီး
ကွန်ယက်ဖွဲ့ဖို့ ကြေညာ လိုက်တာပါ။ အမျိုးသားရေးနဲ့ဒီမိုကရေစီရေးရှေ့ရှုလုပ်ဆောင်သွားမှာပါ'' ဟု ဒေါက်တာသန်းထိုက်က ပေါ်ပြူလာနယူစ်သို့ပြောသည်။
ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် ပါတီမှနှုတ်ထွက်ပွဲကို ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်က ပြုလုပ်ခဲ့ပြီး ပါတီဗဟို၏ ဒီမိုကရေစီနည်းလမ်းမကျစွာ ဆောင်ရွက်မှုများကို
သဘောမကျခြင်းကြောင့်နှုတ်ထွက်ခြင်းဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
 
 

ရခိုင် ကျောက်တော်၌ သေနတ်ဒဏ်ရာ ရရှိခဲ့သူ တစ်ဦး ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ

ရန်ကုန်-အောက်တို ဘာ၂၇

ရခိုင် ပြည်နယ် ကျောက်တော်မြို့ေ၇ွှပြည် ရွာဟောင်း ကျေးရွာမှ သေနတ် ဒဏ်ရာ ရရှိသူ ရခိုင် အမျိုးသား တစ်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ယနေ့ နံနက်က ရောက်ရှိ လာကြောင်း သိရသည်။

အသက် ၃၃နှစ် အရွယ်ရှိ ကိုရွှေသန်းမောင်မှာ အောက်တိုဘာ၂၄ရက် ညနေ ၃ နာရီခွဲခန့်က
လက်မောင်းရင်း သေနတ်ဒဏ်ရာ ရရှိခြင်းဖြစ်ပြီး ကျောက်တော်မြို့ဆေးရုံမှ ရန်ကုန်ပြည်သူ ဆေးရုံသို့ လွှဲပြောင်း ကုသခံယူခိုင်းခြင်း ဖြစ်သည်ဟု ညီဖြစ်သူ၏ ပြောပြချက် အရ သိရသည်။

"ကျွန်တော်တို့ ရှေ့ကလှေတစ်စီးကို ကမ်းစပ်ကနေ အရင် သေနတ်နဲ့ ပစ်ခံရတာ။ အဲ့လှေမြှပ်သွားလို့ သွားကယ်ရင်း ထပ်အပြစ်ခံရတာ၊ နှစ်ယောက်ထိ သွားတယ်။ တစ်ယောက်ကတော့ စစ်တွေဆေးရုံမှာပါ"ဟု အပစ်ခံရသည့် လှေတစ်စီးထဲတွင် ပါဝင်သူ ကပြောပြသည်။

အဆိုပါ သေနတ် ဒဏ်ရာရရှိသူ ရခိုင် အမျိုးသားအား ယခု အချိန်တွင် ခွဲစိတ်မှုပြုလုပ်နေကြောင်း သိရသည်။

သုတလင်း - Popular Myanmar News Journal

 

မြေပုံမြို့မှာ အမျိုးသမီးတွေ ဆန္ဒပြ

ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင် ရက်ပိုင်းတွေ အတွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ရာဂဏန်းရှိတဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

အခုလိုဆန္ဒပြတောင်းဆိုရတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အေးဝင်းကြည်က RFA ကို အခုလိုပြောပြပါတယ်။

"အခုတော့လူကြီးတွေရောက်လို့လေ ကျွန်မတို့မြို့ကလူတွေက ကုလားနဲ့ မနေနိုင်ဘူးဆိုပြီးတော့ အဲလို ဆန္ဒထုတ်ဖော်နေတာပါ။ ကုလားတွေက တော်တော်ဆိုးပါတယ်။ ကျွန်မတို့မြေပုံမှာ ဒေသခံတွေကို တော်တော်နှိပ်စက်ပြီးတော့ သူတို့တောင်ပေါ်မှာ သူတို့ကိုယ်သူတို့ မီးတိုက်ပြီးတော့ ထွက်ပြေးတာ ကျွန်မတို့ ဘာမှမလုပ်ရပါဘူးရှင်။ သူတို့တစ်ခုခုပြန်လုပ်မှာကို    ကျွန်မတို့ကြောက်တယ်။ ဒါကြောင့်မို့ ကျွန်မတို့အတွက် လုံခြုံရေးများရမလားဆိုပြီးတော့      ကိုယ့်ပြည် ကိုယ့်ဒေသမှာနေပြီးတော့ ကျွန်မတို့ ဒီလိုဖိအားနဲ့ နေရမှာလား။ ဒါကြောင့်မို့ ကျွန်မတို့ လုံးဝမနေနိုင်လို့  ဒီလိုတောင်းဆိုတာပါ"

အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မြေပုံမြို့ပေါ်မှာ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုစဉ် အခုလိုဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်ခဲ့တာလို့သိရပါတယ်။

မြေပုံမြို့နယ်မှာ လုံခြုံရေးစစ်တပ်အင်အားတွေ တိုးချဲ့ချထားပေမယ့် အမျိုးသမီးတွေ ဆန္ဒပြတာကို တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။

RFA Burmese
 ၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် မြန်မာတိုင်းရင်းသား အဖွဲ့ ၉ ဖွဲ့က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုနေစဉ်။ RFA